about us

Me! Jewels Brand ဟာ PUCCA - ပတ်ကားစိန်ရွှေရတနာဆိုင်ရဲ့အခွဲတစ်ခုဖြစ်ပါတယ်။ ခေတ်သစ်လူငယ်တွေအတွက်ရည်ရွယ်ပြီး၊ ပြည်တွင်းဖြစ် brand တစ်ခုအနေနဲ့လည်း ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်လျက်ရှိပါတယ်။ "Me!" ဆိုတဲ့အမည်ကတော့ တိုက်ရိုက်ဘာသာပြန်ရရင် "ကျွန်ုပ်" လို့အဓိပ္ပာယ်ရတဲ့ ကိုယ်စားပြုနာမ်စားဖြစ်ပေမယ့် "ကိုယ်နှစ်သက်ရာ၊ ဝါသနာပါရာ၊ စိတ်အားထက်သန်ရာတွေကို ကိုယ်ပိုင်ဟန်အပြည့်နှင့် ယုံကြည်ရာကိုလုပ်ဆောင်ပါ"ဆိုပြီး တိုက်တွန်းလိုတဲ့စိတ်ကူးလေးနဲ့ပေးဖြစ်ခဲ့တာပါ။

ကျွန်မတို့တွေဟာ နေထိုင်လာရင်း ကိုယ်ချစ်ရတဲ့သူဘာဖြစ်ချင်တယ်ဆိုတာ ထုတ်မပြောရင်တောင် အလိုလိုသိတတ်ကြပေမယ့် ကိုယ်တိုင်ကျ ငါ ဘာကြိုက်တယ်၊ ဘာလိုချင်တယ်၊ ဘာဖြစ်ချင်တယ်ဆိုတာတောင် ရှင်းရှင်းလင်းလင်းမသိဘဲ ကိုယ့်ကိုကိုယ် ပျောက်ဆုံးနေတတ်ကြပါတယ်။ ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုတွေ၊ ပုံသွင်းမှုတွေကြောင့် ကိုယ်မလုပ်ချင်တာတွေကိုလုပ်နေရတာကလည်း ကိုယ့်ကိုကိုယ်ပြန်သတိမကပ်နိုင်စေတဲ့အကြောင်းတွေအများကြီးထဲက တစ်ခုပါဘဲ။

 

တကယ်လို့သာ
ကျွန်မတို့ဟာ ကိုယ်လုပ်ချင်၊ ကိုယ်နေချင်တဲ့ပုံစံအတိုင်းသာ နေခွင့်ရမယ်ဆို ဘယ်လောက်တောင်ပျော်ဖို့ကောင်းလိုက်မလဲ။
 

ကျွန်မတို့ရဲ့ Me! Jewels ဆိုတာ
ကိုယ့်ကိုကိုယ် ဘယ်လိုဆိုတာ မသိသေးတဲ့သူတွေအတွက် ကိုယ်က ဘယ်သူလဲဆိုတာကိုရှာမတွေ့မချင်း အမြဲတမ်းသတိပေးနေပေးမယ့် jewelry တွေဖန်တီးပေးနေတဲ့ Jewellery Brand ဘဲဖြစ်ပါတယ်။

Title

" Embrace yourself and do what you like, because you're who you are. "

Our jewelry reflects that, not bounded by what is right or wrong - our pieces can be mixed and matched, and it's really up to you to decide on how you want to wear our jewelry. Don't let us define what and how you should wear them.

Caroline San Kyi
CEO, Founder | Me! Jewels by PUCCA