နားကပ်၊ နားဆွဲ၊ နားကွင်း စုံနေတဲ့
အထဲမှာ ကိုယ့်မျက်နှာကျနဲ့လိုက်တဲ့နားကပ်ဘယ်လိုရွေးချယ်ရမလဲ?
Me! မှာနားကပ်အမျိုးအစား (၅) မျိုးရှိပါတယ်...
- Studs နားကပ်
- Hoops နားကွင်း
- Dangles နားဆွဲ
- Ear Cuffs
- Threader နံချပ်ကူ
ဒါကြောင့် နားကပ်လေးတွေရွေးချယ်တော့မယ်ဆိုရင် ဘယ်လိုနားကပ်လေးတွေက ကိုယ့်ရဲ့ မျက်နှာကျနဲ့ လိုက်မလည်း၊ စတိုင်ကျမလည်းဆိုတာ သိနေဖို့တော့လိုတာပေါ့။
ကိုယ်က ကြိုက်နေတဲ့ နားကပ်ပုံစုံတွေက များနေတယ် အလိုက်ဆုံးနဲ့အကြိုက်ဆုံးလေးပဲ ဝယ်တော့မယ်ဆိုရင်တော့ နားကပ်လေးတွေဘယ်လိုရွေးချယ်ဝတ်ဆင်သင့်လဲ ဆိုတာ ဆက်လေ့လာလိုက်ရအောင် သဲလေးတို့ရေ..
အရင်ဆုံးသိရမှာတော့ ကိုယ့်ရဲ့ မျက်နှာပုံသဏ္ဌာန်ပါပဲ... ဝိုင်းလား? လေးထောင့်ကျလား? ရှည်တာလား? အသဲပုံမျိုးလား?
အဓိကအားဖြင့် ပုံစံ (6) မျိုးရှိပါတယ် - Triangle (သုံးတောင့်), Round (အဝိုင်း), Oval (ဘဲဉ), Heart (အသဲ), Square (လေးထောင့်), Long/Diamond (ဒိုင်းမွန်း) ပါပဲ။
(သင်ရောဘယ်လို face shape မျိုးလဲဆိုတာခွဲခြားနားလည်တတ်ဖို့ အခုပဲမှန်ရှေ့ပြေးလိုက်နော် နောက်မှဆက်ဖက်ကျလိုက်ရအောင်)
Face Shapes(မျက်နှာပုံသဏ္ဌာန်များ)
ROUND Shape
တကယ်လို့သင့်က မျက်နှာဝိုင်းဝိုင်းလေးနဲ့ချစ်စရာကောင်းတဲ့သူဆိုရင်တော့ မျက်နှာကိုပုံမှန်ထပ်ပိုရှည်တဲ့look ပေါက်စေတဲ့ long dangling ဒါမှမဟုတ် drop earring တို့လိုမျိုး နားကပ်ရှည်ရှည်လေးတွေကိုရွေးသင့်ပါတယ်။
Hoopလိုမျိုး စက်ဝိုင်းပုံခပ်ကြီးကြီးရှိတဲ့နားကပ်လေးတွေကတော့ သင့်မျက်နှာလေးကို ပိုဝိုင်းသွားစေနိုင်လို့ ရှောင်သင့်ပါတယ်။