Precious vs
Semi-Precious Gemstones

ကိုယ်နဲ့အဆင်ပြေမယ့်ကျောက်အမျိုးအစားကို ဘယ်လိုရွေးမလဲ။

Precious Gemstones လို့ဆိုလိုက်တာနဲ့ လူသိများ၊ အသုံးများပြီး တန်ဖိုးကြီးတယ်လို့ယူဆထားတဲ့ စိန်၊ ပတ္တမြား၊ နီလာ၊ မြ တို့လို့ကျောက်တွေကိုတန်းမြင်ကြပါတယ်၊ ဒါပေမယ့် Semi Precious Gemstones ဆိုရင်တော့ ဘယ်ကျောက်အမျိုးအစားတွေကိုပြောတာလဲဆိုတာတောင် သေချာသိတဲ့သူနည်းသလို၊ ကြားလိုက်တာနဲ့ တစ်ဆင့်နိမ့်ပြီး တန်ဖိုးသိပ်မရှိလောက်ဘူးလို့ထင်ကြလေ့ရှိပါတယ်။

ဈေးကွက်အရကတော့ သဘာဝအတိုင်းတူးပြီးရလာတဲ့ကျောက်တွေရဲ့တန်ဖိုးကို အမျိုးအစားအပြင်၊ အရည်အသွေး၊ တောက်ပမှု၊ အရည်လဲ့မှု၊ လူကြိုက်များမှု၊ အသုံးများမှုတို့အပေါ်မူတည်ပြီးဖြတ်ကြလို့ ကျောက်ရဲ့အမျိုးအစားတစ်ခုတည်းက တန်ဖိုးဖြတ်ဖို့လုံလောက်တဲ့အချက်မဟုတ်ဘူးဆိုတာပေါ်လွင်ပါတယ်။

ဉပမာပြရမယ်ဆိုရင် Me!လေးတိုင်းသိပြီးသား နီလာ(Sapphire)မှာ အပြာရောင်ကိုဘဲလူကြိုက်များ၊ အသိများပြီး၊ Precious Gemstone အဖြစ်ပါသတ်မှတ်ထားကြတယ်ဆိုပေမယ့်၊ နီလာကျောက်မှာ Pink Sapphire လိုမျိုး လူကြိုက်များတဲ့အရောင်အပြင်၊ အဝါ၊ အစိမ်း၊ အဖြူတို့လို အရောင်ကွဲတွေရှိပြီး၊ နီလာကျောက်မှန်ပေမယ့် အရောင်ပေါ်မူတည်ပြီး လူကြိုက်များတာ၊ လူသိများတာကွာသွားတဲ့အတွက် အပြာရောင်ကလွဲပြီးကျန်တဲ့အ‌ရောင်အကုန် Semi Precious Gemstone စာရင်းအသွင်းခံထားရတာမျိုးပါ။

Semi Precious Gemstone တွေထဲမှာလည်း လူသိများတဲ့ကျောက်တွေရှိပြီး၊ အရည်အသွေးကောင်းတဲ့အပြင် ပြည်တွင်းဈေးကွက်မှာလည်းတွေ့နိုင်တာတွေကတော့ Amethyst, Peridot, Citrine, Spinel, Moon Stone တို့လိုကျောက်မျိုးတွေပါ။

ဒါဆိုရင်တော့ Semi Precious Gemstone တွေထဲမှာလည်း တန်ဖိုးရှိပြီး၊ အရည်အသွေးကောင်းတဲ့ကျောက်တွေရှိတယ်ဆိုတာသိပြီမို့လို့၊ Me!လေးတွေအနေနဲ့ Precious Gemstone မှဆိုတဲ့အတွေးအစား ကိုယ်သာကြိုက်တယ်ဆိုရင် Semi Precious Gemstone တွေကလည်း ရွေးချယ်စရာတွေထဲကတစ်ခုဖြစ်လာလိမ့်မယ်လို့ယုံကြည်ပါတယ်။

Me! Jewels မှာ Precious/ Semi Precious Gemstones တွေအပြင်‌ ရွှေထည်လက်ဝတ်ရတနာတွေကို တစ်နေရာတည်းမှာ ကိုယ်တိုင်ကိုယ်ကျ စိတ်ကြိုက်ရွေးချယ်၊ တိုင်ပင်ပြီးမှဝယ်ယူနိုင်လို့ နီးစပ်ရာ Showroom တွေကိုလာရောက်ခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။