What is 18K Karat Gold

၁၂ပဲရည်ရွှေဆိုတာဘာလဲ။

18K Karat Gold(၁၂ပဲရည်ရွှေ)ဆိုတာဘာလဲ၊ ရွှေအစစ်လား၊ ပလက်တီနမ်နဲ့တူလား စသည်ဖြင့် 18K ရွှေရည်နဲ့ပတ်သက်ပြီး အမေးများတာ၊ သိချင်ကြတာလေးတွေကို ဒီဗီဒီယိုလေးထဲမှာ ပြည့်ပြည့်စုံစုံရှင်းပြပေးထားတာမို့လို့ အဆုံးထိကြည့်ကြည့်နော်!

Poster

read to know more: about GOLD

18K(၁၂ပဲရည်)ရွှေက မဲတတ်လား။

18K(၁၂ပဲရည်)ရွှေလို့ပြောလိုက်တာနဲ့ သူများတွေပြောလို့ဘဲဖြစ်ဖြစ်၊ onlineမှာဖတ်မိတာလေးတွေကြောင့်ဘဲဖြစ်ဖြစ် နားလည်မှုလွဲပြီး ဝတ်တာကြာရင်မဲလာတယ်လို့ထင်နေကြလို့ တကယ်မဲလား၊ မမဲဘူးလား၊ မဲတယ်ဆိုရင်ရော ဘာကြောင့်လဲဆိုတာလေးတွေကိုရှင်းပြပေးထားပါတယ်။

ရွှေဝတ်ခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ရွှေဆိုတာရှေးယခင်ခေတ်တည်းက တန်ဖိုးထားပြီးဝတ်ဆင်သုံးစွဲခဲ့ကြတဲ့ အရာပါ။ ဘုရင်ခေတ်ကဆို အသုံးအဆောင်တွေမှာပါရွှေနဲ့ချည်းပဲ သုံးခဲ့ကြတာ၊ အဝတ်အထည်တွေမှာပါ ထည့်သွင်းရက်လုပ်ကြပါတယ်။ရွှေကို အလှအတွက်တင်မကဘဲဆေးကုမှုအနေနဲ့ပါ အသုံးပြုကြတယ်ဆိုတာရော သင်သိရဲ့လား။ မျက်နှာရွှေသွင်းတယ်ဆိုတာတော့ ကြားဖူးမှာပေါ့။ ဒီလိုပါပဲရောဂါအမျိုးမျိုးအတွက် ကုထုံးတချို့မှာရွှေကိုထည့်သွင်းအသုံးပြုနေကြတာတွေရှိလာပါပြီ။ အခုပြောပြမှာကတော့ရွှေထည်ဝတ်ဆင်တာပဲဖြစ်ဖြစ်၊ ကုထုံးမှာ ပါဝင်တာပဲဖြစ်ဖြစ် လူ့ကျန်းမာရေးကို ဘယ်လိုအကျိုးကျေးဇူးပေးနိုင်သလဲဆိုတာပါပဲ။